ဒီလိုပါ
လူတွေကို ကျန်းမာရေးအသိပညာ ပေးပြီး သိရှိစေလိုခြင်းဖြစ်ပါတယ်။
share လုပ်တဲ့သဘောပါ။
ကျွန်တော်သိသမျှ တင်ပြပေးသွားမှာဖြစ်ပါတယ်။
" ရေအသက်တစ်မနက် ထမင်းအသက်ခုနှစ်ရက်" လို့ ဆိုရိုးစကားရှိပါတယ်။
လူ၊သက်ရှိ၊ အပင်တွေအတွက် ရေက မရှိမဖြစ်ဆိုတာ စာဖတ်သူတို့သိကြမှာပါ။ No water = No living things
ဖြစ်ပါတယ်။Without water we can't live.ဖြစ်ပါတယ်။
ခုဒီမှာက ရေရဲ့ အရေးကြီးပုံကိုတင်ပြသွားမှာပါ။
တစ်ချက်ခြင်းစဉ်းစားကြည့်ရအောင်ပါ
လူတိုင်းရေမသောက်ဘဲနေနိုင်သလား? ရေမသောက်ဘဲတစ်နေကုန်နေတဲ့အခါ အာခေါင်ခြောက်လာမယ်၊
နှုတ်ခမ်းတွေခြောက်လာမယ်၊ လှုပ်ရှားသွားလာမှုတွေမှာ စိတ်သွားတိုင်းကိုယ်မပါနိုင်ဖြစ်လာမယ်၊ ခေါင်းကိုက်တာတွေ၊ ခြေလက်တွေ မသယ်ချင်ဖြစ်လာမယ် စိတ်တိုလာတာ စတာတွေ ပေါ့ ၊ ကြုံဖူးသူတွေသိကြမှာပါ။ ဒါနဲ့ပဲရေကိုမဖြစ်မနေသောက်ကြရပြီ။
ဒါဆို ရေဖြစ်ရင်ပြီးရောသောက်မလား၊ ဒီလိုလဲမဖြစ်နိုင်ဘူးဆိုတာသိကြမှာပါ။ရေက
လူသားတွေကိုအကျိုးပြုသလို ရေထဲမှာရောဂါတွေလဲပါလာနိုင်တာကို သိကြပြီးသားပါ။ ကျန်းမာရေးထိခိုက်နိုင်တာတွေကတော့ -
ရောဂါပိုးမွှားများ
ပိုးသတ်ဆေးဓါတ်ပေါင်းများ
ရေပိုးသတ်ဆေးများ
ပျော်ဝင်ဓါတ်ပေါင်းများ
အော်ဂဲန်းနစ်ဒြပ်ပေါင်းများ စတာတွေပါဝင်နိုင်ပါတယ်။တွေ့ရှိရသမျှ အမျိုးအစားပေါင်း (၂၀၀၀) ကျော်တွင် (၁၀၀)ခန့်သည် ကင်ဆာဖြစ်ပွားစေရန် အလားအလာရှိနေကြောင်းနှင့် ရေရှည်တွင် အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်း သုတေသနပြုချက်များမှာ လေ့လာတွေ့ရှိရပါတယ်။
ဒါဆို မသန့်တဲ့ရေကို သောက်လို့ မဖြစ်တော့ဘူးပေါ့။ဟုတ်ပါပြီ ဆက်ပါဦးမယ်။
ရေသန့် ကိုသောက်ရပါတော့မယ်။ ရေကိုဘယ်လိုသန့်အောင်လုပ်မလဲ။ ဒီမှာ လွဲမှားနိုင်တာတွေ ရှိလာနိုင်ပြီ။
လွန်ခဲ့တဲ့နှစ် အနည်းငယ်က "ပိုးကင်းရေသန့် ကလိုရင်းအနံ့" ဆိုတဲ့ ဆောင်ပုဒ်တွေ ကြားဖူးတာ မှတ်မိကြမယ် ထင်ပါတယ်။ကလိုရင်း ကို ရေတွင်ပျော်ဝင်စေပါက ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိလို့
ရေသန့်ဆေး အဖြစ် သုံးစွဲခဲ့ကြတာ နှစ်အတော်ကြာခဲ့တယ်။ရေတွင်းရေကန် ၊ ရေအရင်းအမြစ် နေရာများတွင် ရေသန့်ဆေးအဖြစ် စိတ်ချလက်ချ သုံးခဲ့ကြပါတယ်။
ယနေ့အချိန်အခါတွင် ကလိုရင်းဓါတ်ပေါင်းများသည် ရေရှည်တွင် အစာအိမ်၊အူလမ်းကြောင်း၊ကျောက်ကပ်၊
ဆီးအိမ်ကင်ဆာများ ဖြစ်ပွားမှု နှင့် ဆက်နွယ်မှုရှိကြောင်း၊ မွေးရာပါချွတ်ယွင်း မှုနှုန်း မြင့်မားစေနိုင်ကြောင်း သုတေသနပြု တွေ့ရှိထားသည်ကို လေ့လာရပါတယ်။
ဆက်လက်ဖော်ပြပါမည်။